ဆောင်းရာသီတွင် ကျက်သရေရှိစွာ လှပတင့်တယ်နေစေရန်
01-Mar-2017
ဆောင်းရာသီမှာ သင့်အလှအပအတွက် အချိန်ပေးဂရုစိုက်ပါက တင့်တယ်လှပမှုတွေ မှေးမှိန်နိုင်ပါတယ်။ ဆောင်းရာသီမို့လို့ နေရောင်ကာခရင်မ် လိမ်းဖို့မလိုဘူးလို့တော့ မထင်လိုက်ပါနဲ့။ မနက်ပိုင်းသာ အအေးဓာတ်အရှိန်ကြောင့် နေရောင်ခြည်နုနုရဲ့ အပူဒဏ်ကို သိပ်မခံစားရပေမယ့် နေလယ်ပိုင်းမှာတော့ နေရောင်ခြည်ဒဏ်ရဲ့ ဒဏ်ကို ထိတွေ့ခံစားရနိုင်တာကြောင့် အိမ်အပြင် ထွက်တဲ့အခါ နေရောင်ကာခရင်မ်လိမ်းပေးပါ။ဆောင်းရာသီမှာ အသားအရေခြောက်သွေ့မှုကို ပိုဖြစ်စေတတ်တာကြောင့် သင့်ခန္ဓာကိုယ် အတွင်းမှာ ရေဓာတ်ပြည့်ဝနေဖို့ အရေးကြီးပါတယ်။ ခနွာကိုယ်တွင်း ရေဓာတ်နည်းနေပါက သင့်အရေပြားမှာရှိတဲ့ ဆဲလ်တွေလည်း ခြောက်သွေ့နေတတ်ပါတယ်။ တစ်နေ့ကို ရေရှစ်ခွက် သောက်သုံးပါ။ ဆောင်းတွင်းမှာ အများစုက ခြေဖဝါးခြောက်သွေ့မှုကြောင့် ခြေဖနောင့်ကွဲအက်တာ မဖြစ်အောင် ညအိပ်ခါနီမှာ ခြေဖဝါးကို ကြက်သီးနွေးရေထဲစိမ်ပေးပါ။
ပြီးနောက် ခြေထောက်ကို ရေသုတ်ပြီး လိုးရှင်းလိမ်းပေးပါ။ အိပ်တဲ့အခါ ခြေအိတ်စွပ်ပါ။ နှုတ်ခမ်းမှာရှိတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပြီး နှုတ်ခမ်းသားနူးည့ံစေဖို့ သွားပွတ်တံနုနုနဲ့ တစ်ပတ်တစ်ကြိမ် ညင်ညင်သာသာ ပွတ်တိုက်ပေးပါ။ နှုတ်ခမ်းကို အစိုဓာတ်ထိန်းပေးဖို့ နှုတ်ခမ်းဆိုးဆေးအဆီ ဆိုးပြီးနှုတ်ခမ်းကွဲတာ၊ ခြောက်သွေ့ပြီး အဖတ်လန်တာတွေ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ မနက်ခင်းစောစောထပြီး လမ်းလျှောက်ဖို့အတွက်
ညဘက်မှာ အိပ်ရာစောစော ဝင်ဖို့လိုပါတယ်။ အိပ်ရေးပျက်များပါက သင့်အသားအရေလှပမှုနဲ့ ကိုယ်ခံစွမ်းအားအတွက် အနှောင့်အယှက် ဖြစ်စေပါတယ်။ တစ်နေ့ကိုအိပ်ချိန် ရှစ်နာရီရအောင် ပုံမှန်အိပ်စက်ပါ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)
Arogyam magazine, December 2015, Pg. 15
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
